"ဝူဟန် တစ္ဆေ နွေဦးအိပ်မက်"
ညနေခင်း ခဏ ပိတ်
မနက်ဖြန်များ ခဏ ပိတ်
အားလပ်ချိန်များ ခဏ ပိတ်
လူခြေတိတ်နေတဲ့ လမ်းပေါ်
အပျော်များ လည်း
အခြေ အနေအရ
အိမ်တွင်းပုန်းလို့
ရောက် မလာသေးတဲ့ ပိတောက်နဲ့အတူ
ကြိုမောနေရတဲ့
နွေဦးအိပ်မက် တစ္ဆေ..........!!
မင်းထက်ညိမ်း
Photo Credit
No comments:
Post a Comment