“ချောင်းကြည့်ပေါက်များ”
ထူးအိမ်သင်ရေးဖွဲ့ခဲ့သောကဗျာဖြစ်ပါသည်။
သူ့အလို....
အထက် အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ
(၁)
“စကားလုံးများ” ဟာ “အတု” ဖြစ်ပြီး
“စိတ်”သည် “အစစ်အမှန်” ဖြစ်တယ်...တဲ့။
(၂)
“ခြေထောက်တွေ”ဟာ “လမ်း”ဖြစ်ပြီး
“ငါ”သည် “ခရီးဆုံး” ဖြစ်တယ်...တဲ့။
(?)
ဆိုတော့ကာ
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီ စကားလုံးတင်းကျမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ...တဲ့။
အဲဒီ ခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒါ ငါကဖြင့်...တဲ့။
အင်း..
ပျင်းတယ် ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ...
... ... ...။ ။
ထူးအိမ်သင်
(၂၀၀၂) ၊ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း