“ဂီတ”
- တပင်တပန်းကြီးတော့ မဟုတ်ပါဘူး
ငါတို့ အသက်ရျူသွင်းလိုက်သလိုမျိုး
ဦးနှောက်ကို မထိခိုက်စေပဲ
နှလုံးသားဆီ လှမ်းခဲ့ပ။
ပြီးတော့မှ
အစွမ်းကုန်ဖွင့်ထားတဲ့ နားရွက်အစုံကို
မုန်တိုင်းကင်းတဲ့ ပင်လယ်ဆီ
ဦးဆောင်ခရီးနှင်ပါတော့
မင်းဂီတရဲ့ တောင်ပံခတ်သံဟာ
မျက်ရည်စမ်းကို ခန်းစေခဲ့တယ်လေ။ ။
မင်းထက်ညိမ်း
(ရုပ်ရှင်တေးကဗျာ၊ ဇူလိုင် ၂၀၀၀)