“ အကွာအဝေး”
အကွဲကွဲအပြားပြား
စိတ်နဲ့လှော်ခတ်နေရတဲ့ဘ၀တွေ
ငါလည်းသူ့ဆီမရောက်ဘူး
သူလည်းငါ့ဆီမရာက်ဘူး
အဆုံးအစမသိလေတော့
ဇာတ်သိမ်းခန်းကိုခန့်မှန်းမရဖြစ်နေတယ်
ခရီးကဒီထက်ဒီရှည်လျား
လောကတစ်နံတစ်လျား
ကိုယ်စီကိုယ်ငှလမ်းသလားကြ
အဆင်ပြေလားလို့မေးကြည့်ဖို့ဆိုတာ
ငါတို့က
စာမလာသတင်းမကြား။ ။
မင်းထက်ညိမ်း(၂၀၀၇)