“မိုးပျံ ပူဖောင်းလေး တစ်လုံး”
မင်းထက်ညိမ်း
*ငါ နေကောင်းသွားပြီ....
ညနေခင်းအသစ်တွေကို ဖွင့်ကြည့်ဖို့
ပြတ်တောက်နေတဲ့ သံယောဇဉ် ဆက်ကြောင်းတွေကို ချိတ်ဆက်ဖို့
အချိုမြိန်ဆုံး နှုတ်ခမ်းတစ်စုံကို အဓိပ္ပာယ်ဖွင့်ဆိုဖို့
ပြန်မလာတော့တဲ့ နေ့တွေကို လဲ ပြန်မလာတဲ့အတိုင်း ရှိပါစေတော့
ဒီလို စိတ်ထားနဲ့ အရာရာကို ကျောခိုင်းရှေ့ထွက်
မိုးပျံပူဖောင်းလေးလို
လက်ထဲ ဆုပ်ကိုင်ထားတဲ့ အပ်ချည်မျှင်ကို ဖြေလျှော့လိုက်ယုံနဲ့
လွတ်လပ်ပေါ့ပါးစွာ လွင့်တက်သွားပုံ.......
(ဘာကိုမျှ မထိရှ စေလို...
ရင်ဘတ်ထဲ စီးဆင်းနေတဲ့ မြစ်ကိုတော့ ရပ်တန့်ပစ်လိုက်လို့ မရချေဘူး )။ ။
မင်းထက်ညိမ်း