Tuesday, September 10, 2013

"စိတ်ကူးဖြတ်စများ"

                                             "  စိတ်ကူးဖြတ်စများ"
                                                                       မင်းထက်ညိမ်း
   ***ည ဟာ  ညနေခင်း အား အိတ်ကပ်ထဲ လုံးချေထည့် လိုက် တဲ့ အခါ ၀န်းကျင်တစ်ခုလုံး မဲမဲမှောင်
လို့ သွားတော့တယ်..။ နီယွန်ရောင်စုံမီးလုံးတွေ ရဲ့ အဝေး။ Connection  မှိန်မှိန်....ငါ့ ဆက် သွယ်ရေး
မီးအိမ်လေး လည်း မလင်း ရှာဘူး။ အလင်းရောင် တချို့ အတွက် အခန်းတံခါးကို သူအကြိမ်ကြိမ် ဖွင့်ပေး
ခဲ့ ရဖူးသည်။သို့ သော် အမှောင်ထုသည် တံခါးဖွင့် ပေးစရာမလို ဘဲ သူ့  အခန်း ထဲသို့ ၀င်ရောက် လာတတ်စမြဲ...။စိတ်ကူးအမှောင် ကို သူ အကြောက်ဆုံးဖြစ်သည်။ စိတ်ကူးထဲ တဖျတ်ဖျတ်ဝင်လာ သည့်
အကြောင်းအရာတိုင်းသည် ဘာမျှ မသဲကွဲ။သူ အိပ်စက်ဖို့ ကြိုးစားသော်လည်း အိပ်လို့ မရဘဲဖြစ်နေ
သည်။သူ အိပ်မရဘူးဟု ဆိုလျှင် "အပြာရောင် မှဲ့လေးတစ်လုံး" က တော့ ရယ်မော နေမည်လား။သူ
အခန်းအပြင်သို့ ထွက်လာလိုက်သည် ။ သူ့  အခန်းရှေ့ ၌ ဖြောင့်စင်းနေသော မြေနီလမ်းကလေး ရှိ
သည်။ ထိုလမ်းလေး ပေါ် ၌ ခေါက်တွန့် ခေါက်ပြန် သူ လမ်းသလားနေမိ၏။ သူ့  စိတ်တွေ ရုတ်တရက် ပိုမို လှုပ် ရွ လာသည်။ ယောက်ယက် ခက် နေသည် ဟုပြောလျှင် ပို မှန်လိမ့် မည် ထင် ပါသည်။ သူ ဘာ ကို မျှ စိတ်မရှည် တော့ သလို ဖြစ် လာ သည်။ ထိုအချိန်မျိုး၌ အေးအေးလူလူလေး...တစ်ယောက် တည်း တိတ်တဆိတ် စိတ်ကူး တခုခု နောက် ကို မျောပါ လျှက် လွင့်နေချင်မိသည်။ ည၌ လောင်ကျွမ်းလျက်
အိပ်ပျော် နေသည့် ခေါင်းအုံးတစ်လုံး ရှိသည်။ဘယ်သူမျှ နား မလည် နိုင် သည့် စိတ်ကူးဒီရေ ကို ဘယ်
လို လုပ်ပြီး တိုင်းတာ ပြရပါ့မလဲ။ အိပ်ယာပေါ် ၌ အိပ်ပျော် နေသည့် ခေါင်းအုံးတစ်လုံး သည် သူ၏
ခြုံစောင်အား တစ်စုံ တစ်ယောက် လု ယူသွားမှာစိုးသည့် အတွက် စိတ်ဖြင့် တင်းတင်းဆုပ်ကိုင်ထား
သည်။လွင့်မျော နေသော အိပ်မက် အတွင်း၌ လွင့်မျော နေသော..စိတ်ကူးဖြတ်စများကို လိုက် လံ
ရေတွက် မိသည်ကို က မိုးကောင်းကင်းပေါ်က ကြယ်တွေကို ရေတွက်ခဲ့မိသည့် ကလေးလက်ရေးနဲ့
ငယ်ဘ၀ ပုံပြင် တစ်ပုဒ်.....။
                                         မင်းထက်ညိမ်း