တံခါး
မင်းထက်ညိမ်း
ခင်ဗျား
ပခုံးပေါ်မှာ
လွယ်အိတ်တစ်လုံးရှိပြီး
ကျွန်တော့်
ပခုံးပေါ်မှာ
လွယ်အိတ်တစ်လုံးရှိတယ်။
လောကအခန်းငယ်ထဲ
ထိုင်နေတဲ့
ထိုင်ခုံတစ်လုံး
အသက်ရှင်လျက်နဲ့
ဘဝကို ဖွင့်မကြည့်ရဲဘူး။
ဟော
ကြားရဲ့ မဟုတ်လား
အဲဒီအသံဟာ
သံလမ်းပေါ်
ဖြတ်လျှောက်သွားတဲ့
ရထားတစ်စင်းရဲ့
ဥသြသံ မဟုတ်ဘူး။
ကျွန်တော်
အိမ်နီးချင်းထိုင်ခုံက
သက်ပြင်းအူသံ။
“အပျော်ဆုံး
အချိန်ဆိုတာလည်း
ပျော်တုန်း
ခဏပါပဲဗျာ” တဲ့
“ ကောင်းကင်ကို
ခဏ ဖယ်ခိုင်းတယ်
မျက်လုံး
အကြည့်တွေ
ဘယ်လောက်ဝေးဝေး
ရောက်သလဲ သိချင်လို့ပါ” တဲ့။
(အဲဒီကောင်းကင်ပြာကြီးနဲ့
မြင်ကွင်းကို အနားသတ်ခဲ့ရတာကြာပြီ။)
လူ့ချင်ခြင်းဟာ
ကြောက်စရာ
လူ့ချင်ခြင်းဟာ
ကြောက်စရာ
လူ့ချင်ခြင်းဟာ
ကြောက်စရာကောင်းလှပေါ့။
ဘယ်မှာလဲ
တံခါး။ ။
မင်းထက်ညိမ်း
(People မဂ္ဂဇင်း၊April ၊ 2005)
*သူငယ်ချင်း ကဗျာဆရာ မောင်နေပြာ အား အထူးကျေးဇူးတင်လျက်......။