Friday, April 13, 2012

်fiction

“စိတ်ကူးအပြင်ကမြို့”                                                           မင်းထက်ညိမ်း
  လောကပြူတင်းပေါက်မှ တဆင့် ကောင်းကင်ကို လှမ်းမျှော်ငေးမိရာက သူကိုယ်တိုင်ဟာ ပြေးလွှားနေတဲ့
တိမ်စိုင်များလိုပဲ လို့ သတိဝင်မိတယ်။သူဟာ ခြောက်လှန့်ခြင်း တစ်စုံတစ်ရာကို တုံ့ပြန်နေသူတစ်ဦးပဲ။သူဟာ
ဘ၀ကွင်းပြင်ကျယ်ထဲမှာ မနားတမ်းပြေးလွှားနေတယ်။သူ့နောက်ကို တစ်စုံတစ်ရာက ပြေးလိုက်လာနေတယ်
လို့ ခံစားမိလာတယ်။
   သူဟာ ပတ်ဝန်းကျင်အခြေနေကို အသေအချာ သတိမထားမိပေမယ့် လူသူကင်းမဲ့တဲ့ လမ်းပေါ်မှာပြေးလွှား
နေသူတစ်ဦး အဖြစ်တော့ သိထားတယ်။သူဟာ ဦးတည်ရာ မည်မည်ရရ မရှိဘဲ ပြေးလွှားနေမိခြင်းပဲ။ဘယ်ဆီ
ဘယ်ဝယ်ကို ရောက်ရှိ ဆိုက်ကပ်သွားရလိမ့်မယ်လို့တော့ မျှော်လင့်မထားဘူး။တစ်စုံတစ်ရာရဲ့ တွန်းအားပေး
ခြောက်လှန့်မှုက လွတ်မြောက်နိုင်ဖို့အတွက် ပြေးလွှားနေမိခြင်းပဲ။လမ်းမပေါ် မှာ အထီးတည်း ပြေးလွှားနေ-
---လျှက်။                ။
                             မင်းထက်ညိမ်း