Thursday, July 5, 2012

“တံခါးခေါက်သံ မကြားဘူး” မင်းထက်ညိမ်း








                                   “ တံခါးခေါက်သံမကြားဘူး”

                                                                         မင်းထက်ညိမ်း (Idea   မဂ္ဂဇင်း၊မေ၊၂၀၀၂)
     ညနေခင်းတစ်ခု၌ ဖြစ်သည်။ကားရောင်စုံတို့သည် လမ်းမ အထက်ပြေးလွှားနေကြ၏။မြင်းလှည်းမောင်း-
သမား၏ ကျာပွတ်သံသည် ကျွန်တော့် နားရွက်အစုံကို ကျိန်းစပ်စေ၏။ဓာတ်ကြိုးတန်းပေါ်၌ ငှက်နှစ်ကောင်
နားနေသည်။ဆိုင်ကယ်တစ်စင်း၏ စူးစူးဝါးဝါး အော်သံကြောင့် ရုတ်တရက် ကျွန်တော်လန့်သွားသည်။
ဓာတ်ကြိုးတန်း ပေါ်က ငှက်နှစ်ကောင်မှာမူ အေးအေးလူလူပင်။ကျွန်တော်ကပဲ မြို့ပြအငွေ့အသက်ကို မရှု-
ရှိုက်နိုင်တော့တာလား။ ကျွန်တ်ာသည် လမ်းဘေးစာအုပ်ဆိုင်လေး၏ ခုံတန်းလျားပေါ်တွင်ထိုင်လျှက် မြို့ပြ
ညနေခင်းကို ငေးမောနေမိခြင်း ဖြစ်သည်။ မြို့ပြဟုဆိုရသော်လည်း ကျွန်တော်တို့ မြို့ကလေး၏ ညနေခင်း
မှာ မြင်းခွာသံတို့ မကင်းသေး။ သို့သော် စည်ဘီယာနံ့တော့ သင်းနေချေပြီ။ယခုတလော ကျွန်တာ်၏ညနေ-
-ခင်းများအား ဒီစာအုပ်ဆိုင်လေး၌ ပင် ကုန်လွန်စေရ၏။ လမ်းမပေါ်က အဖြစ်အပျက်တချို့ဟာ သိပ်ကို
မြန်ဆန်လွန်းသည့်အတွက် ကျွန်တော့် မြင်ကွင်းထဲမှာ ဒြပ်မဲ့ပန်းချီကား တစ်ချပ်နှယ်ပင်။
    လူငယ်ဘ၀ ကျူရှင်လှေခါးရင်းက ညနေခင်းများကတော့ တွေးမိလျှင် အတော့ မသတ်ချင်စရာ။ အခု-
-တော့ မျက်နှာချင်းဆိုင် တွေ့တဲ့ ကောင်းမလေး တစ်ယောက် ကိုပင် ရဲရဲ မကြည့်ဖြစ်တော့။ အချိန်ကာလ
ဟာ လူတစ်ယောက်ကို ဘယ်အတိုင်းအတာထိ ပြောင်းလဲ ပေးနိုင်သလဲ။ ရင့်ကျက်တည်ငြိမ်နေသည့်
ကန်ရေပြင်ထက်သို့ ခဲလုံးလေးတစ်လုံးပစ်ချလိုက်သူ ကတော့ အခု စာအုပ်ဆိုင် ရှေ့က ဖြတ်သွားတဲ့ တရုတ်
စက်ဘီးလေး တစ်စင်းပေါ့။
     ကျွန်တော်အိမ်က ထွက်လာတော့ ရာသီဥတု က သာယာကြည်လင်မှု အင်္ကျီကို ၀တ်ဆင်ထားသည်။
အခုတော့ ရုတ်တရက်ကြီး အုံ့မှိုင်းသွားပြန်သည်။ ထိုသို့ပင် ကျွန်တော် အိမ်က ခြေလျင် ထွက်လာသော်လည်း အခု တရုတ်စက်ဘီးလေးတစ်စင်းပေါ် ရောက်နေသည်။စက်ဘီးကယ်ရီယာ ခုံ တွင်
တော့ ဘယ်သူပါလာမှန်းမသိ။ သေးသေးသွယ်သွယ် လက်ချောင်းလေးများပိုင်ရှင် မိန်းကလေး တစ်-
-ယောက်ယောက် ။ဒါမှမဟုတ် ကျွန်တော် စကားမပြောဘဲ ထိုင်နေသည်ကို သည်းညည်းခံ နိုင်သော မိန်း-
ကလေး တစ်ယောက်ယောက်ဖြစ်လိမ့်မည်။
     ကျွန်တော်သည် တရုတ်စက်ဘီးကလေးကို မြို့အနောက်ဘက်သို့ ဦးတည်ပြီး နင်းလာလိုက်သည်။အိတ်-
-ကပ်ထဲ စမ်းကြည့်တော့ ပိုက်ဆံ တစ်ပြားမှမပါ။ပိုက်ဆံပါရင်လည်း ကွမ်းလေး ၀ယ်စားလိုက်ရအောင်လို့။
ကွမ်းလည်းဖြတ်မယ်ဖြတ်မယ် နဲ့ အခုထိ မပြတ်သေးဘူး။ ကျွန်တော့် ဒိုင်ယာရီ ထဲမှာလည်း“ ဒီနေ့ မှ စ၍
ကွမ်းဖြတ်မည်" ဆိုတဲ့ စာကြောင်းမျိုးတွေ မရေတွက်နိုင်တော့။ဗရပွဖြစ်နေပြီ။ ဒါလည်း အခုထိ ကွမ်းမပြတ်
သေး။ကိုယ့်စကားကိုယ် နားမထောင်နိုင်မှတော့ ကိုယ့်ကိုကိုယ် ကတိစကားများ နှင့် မချုပ်နှောင်ချင်တော့
ပေ။ တဖြည်းဖြည်းနဲ့ နင်းလာလိုက်တာ စာတိုက်ရုံး၊ပြန်ဆက်ရုံ၊ မီးသတ်ရုံး။ ရဲစခန်း။.......။မြို့ကတော့
တစ်ဝက်ကျိုးပြီ။ကျွန်တော်သွားနေတဲ့ ခရီးက တစ်ဝက်မကျိုးသေးဘူး။ ဒါပေမယ့် ကျွန်တော် ဘယ်ကို သွားနေတာလည်း ဆိုတာ ကျွန်တော် ကိုယ်တိုင်မသိဘူး။
    ရှေ့ဆက်ပြီး နင်းလာလိုက်သည်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ညနေခင်း၌ ဤကဲ့သို့ စက်ဘီးလျှောက်
စီးနေရသည်က ကောင်း၏။ ဘ၀ဆို တာ နင်းစရာမလိုပဲ ပြေးနေတဲ့ စက်ဘီးတစ်စင်းဆိုရင် ဘယ်လောက်
ကောင်းမလဲ ။ အခုတော့ ကျွန်တော်က ချွေးတလုံးလုံးနဲ့ တရုတ်စက်ဘီးကလေးကို နင်းလို့ပေါ့။ ဒါပေမယ့်
ကျွန်တော် ပျော်တယ်။ အခုလို စိတ်လွတ်ကိုယ်လွတ် စက်ဘီးလျောက်စီးနေရတာကို ပျော်တယ်။
    ဆေးရုံကြီးရှေ့ကိုရောက်လာသည်။ လူတစ်ယောက်တော့ တွန်းလှည်းတစ်စီးကို တွန်း၍ ဆေးရုံထဲ မှ
ထွက်လာ၏။ တွန်းလှည်းပေါ်၌ လူသေ အလောင်းတစ်လောင်း။ လူတစ်ယောက်တော့ သေပြန်ပြီ။ ပူဆွေးသောက ရောက်စွာ အော်ဟစ် ငိုကြွေးနေသူမရှိ။ မထင်မရှား တကယ့်ကို မထင်မရှားပင် လူတစ်
ယောက်လောကထဲက ထွက်ခွာသွားချေပြီ။ မနက်ဖြန်ဆို ထိုသေသူ့အကြောင်း ကို ပြောဆိုနေမည့်သူ
လက်ငါးချောင်းပြည့်အောင် ရှိပါ့မလား။
   ကမ္ဘာကျော် ဂီတ ပညာရှင်ကြီး ၀ု(ဖ်)ဂန်မိုးဇတ် ရဲ့ အသုဘကို လိုက်ပို့တော့ လူမှာ စုစုပေါင်း ခြောက်
ယောက်သာရှိသည်တဲ့။ အလွန်ကြေကွဲဝမ်းနည်းဖွယ် အသုဘ အခမ်းအနားပေပဲ. ဒါပေမဲ့ ယနေ့အချိန်
အထိ မိုးဇတ်ရဲ့ ဂီတသံ ဟာ မဆုံးသေးဘူး။ ယနေ့ အချိန်အထိ မိုးဇတ်အပေါ် လွမ်းမော တမ်းတခြင်း
ဟာ မဆုံးသေးဘူး။ယနေ့ အချိန်အထိ မိုးဇတ်အကြောင်းကို ချီူးကျူးပြောဆိုလို့ မပြီးဆုံးသေးဘူး။ သူဟာ
ကမ္ဘာကြီး ကို နားရွက် တစ်စုံ တပ်ဆင်ပေးခဲ့ သူပဲလေ။ အခု “ဆေးရုံတွန်းလှည်းပေါ်က “လူသေအလောင်း”
ကရော ကမ္ဘာကြီး အတွက် ဘာတွေ လုပ်ဆောင်ခဲ့သလဲပေါ့။ ကျွန်တော် တွေးမိနေတယ်။