ရှေ့မှာ
“အန္တရာယ်”နဲ့
သတိ “အကွေ့”နဲ့
သတိ “တောင်ကုန်း”နဲ့
“ဘယ်ညာမချိုးရ”နဲ့။
-စိတ်အစာပြေတွေးကြည့်စရာ ဘာမှ မရှိဘူးလား။
“ပေးထားချက်”
“လူတစ်ယောက်သည် ကိန်းဂဏန်းများကို အောက်ပါအတိုင်း မြင်လေသည်။”
“၁= အမည်း
၂= အ၀ါ
၃= အုတ်နီရောင်ဖျော့ဖျော့
၎= အညို
၅= မီးခိုးမည်း”
-မိတ်ဆွေ.....
ခင်ဗျားအဖို့ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား။
“ဖြစ်နိုင်ခြေအသွင်သဏ္ဍာန်” တစ်ခုခု စဉ်းစားမိပြီလား
အဖြေမှန်က ဘာမှမဟုတ်ဘူး
ဒူးရွှန့်ရဲ့ “အပေါ့သွားကြွေခွက်”။
-“အို.....လူစုလူဝေးများမှာကတော့ သေချာပါရဲ့
အဲဒီနေ့ဟာ ဆူညံနေမယ့်နေ့ပဲ
-ရှင်ဒီနေရာကို လာခဲတယ်နော်။
-ဟုတ်တယ် ကျွန်တော်လဲ တောမှီရဟန်းလိုပဲ လူတွေနဲ့ ဝေးနေပြီ။”
-“မျက်မြင်ပျက်လုံး” တစ်ခုမှာ
ပွဲခင်းတစ်ခင်းလုံး ၀ါးလုံးကွဲ ပွဲကျလို့
ဝါးတော မီးလောင်သလို ရယ်သံတွေ တဖောင်းဖောင်း
လူရာဝင်တဲ့ အရက်နံ့တွေလည်း တထောင်းထောင်းထနေမှာပါပဲ။
“မထူးခြားခြင်းရဲ့အလှ”
မနက်ဖြန်ဆိုတာ
“သာဓကဆောင်သွင်ပြင်” တစ်ခုပဲ မဟုတ်လား။ ။
မင်းထက်ညိမ်း
+++ရည်ညွှန်းကိုးကား အသုံးပြုစာသားများ
၁-ပိုပို(အနုပညာ၏ အလုံးစုံသဘောနှင့် ဧကသဘော
ဒူရွှန်း၏ အယူအဆ(ဝေါဟာရ)များမှစာသားများ
၂-ဦးအုန်းမြင့်(ဒီဇယ်) (အလုပ်ရုံ တွက်ချက်မှု ပညာများ)
နိုင်ငံတကာ လမ်းအချက်ပြ အမှတ်အသားများ မှ စာသားများ
၃-စိတ်ပညာရှင်ကြီးများ၏ အခြေခံသင်ကြားချက်များ
ဂေလတန်၏ စမ်းသပ်မှုများမှ စာသားများ
၎-မြတ်သစ်(လင်းပွင့်မှုများ) မှ စာသားများ
No comments:
Post a Comment