“အချစ်”
မင်းထက်ညိမ်း
* အချစ်ဟာ လွင့်မျောနေတဲ့ တိမ်တိုက်
သ၀န်တိုနေတဲ့ မုတ်သုံလေဟာ အချစ်ကို တင်ဆောင်လို့
မုတ်သုံလေဟာ သ၀န်တိုနေတဲ့ အချစ်တဲ့
လွင့်မျောမိုးတိမ် အချစ်ရှာဖွေခြင်း
တိမ်စိုင်ခဲများ အချစ်တိမ်စိုင်ခဲများ
ဒီလိုဆို နှစ်ခုပေါ့
ကြိုက်တာရွေး ၁၅၀၀
နှစ်ခုစလုံး စိတ်ကောက်တတ်ပြီး
နှစ်ခုစလုံး facebookသုံးတယ်
သ၀န်တိုနေတဲ့ သယ်ဆောင်စရာ အစိုင်အခဲတွေဟာ အချစ်တွေလား
အချစ်နဲ့တိမ်တိုက်တွေဟာ မုတ်သုံ လေနဲ့အတူ.......
သ၀န်တိုတို မတိုတို အချစ်မတိုဖို့ပဲပေါ့
ဟောဒီက connectionလို အဆက်အသွယ် ခဏခဏ ပြတ်တောက်မသွားဖို့ပဲပေါ့
လွင့်မျောနေတဲ့ ကမ္ဘာကြီးထံပါးမှ မုန့်ဖိုးတောင်းရန်........
အချစ်ဟာ ပူဆာတတ်တဲ့ တိမ်စိုင်ခဲလေး တစ်ခုလား
ဒီလိုဆို ကိုင်ကြည့်လို့ ရမလား
ကမ္ဘာကြီးနဲ့ မိုးတိမ် တွေရဲ့ ရည်ရွယ်ချက်ဟာ ပြန်စုံကြဖို့ပဲ
အချစ်နဲ့ ထိပ်တိုက်တွေ့ရင် ဘယ်လိုပြင်ဆင်ထားသလဲ
ကြေကွဲစရာဆိုလို့ မိုးရေတွေထဲမှာ မျက်ရည်စတွေ မပါဘူး
လူတွေဟာ
ထွက်ပေါက်ရှာရင်း ပိတ်မိနေကြပုံ
မိုးတိမ်တွေဟာ ရေပန်းများအဖြစ် ကမ္ဘာကြီးထံပါး ပြန်လည်ချဉ်းကပ်
အဆက်မပြတ်၊အတောမသတ်၊ဒလဆက် ရွာသွန်းနေပုံ
ဒါဟာ
ရေပန်းစားနေတဲ့ ကမ္ဘာကြီးရဲ့ ရှပ်ရှင်ကား
အချစ်ဟာ
................ထံပါး`၌ အမည်ပေါက် လျှောက်လွှာတင်ပြီးကြောင်း
sign up လုပ် မှတ်ပုံတင်ပြီးကြောင်း...............။ ။
မင်းထက်ညိမ်း
by မင်းထက်ညိမ်း |