`ခြေရာ´
မင်းထက်ညိမ်း
* တံလျှပ်တွေ ပလုံစီနေတဲ့
ဟောဒီ
ဘ၀လမ်းကြမ်းထက်မှာ
ဘယ်လိုပဲ နင်းလျှောက်ရပါစေ
လှမ်းဝင်လိုက်တဲ့ ခြေလှမ်းတိုင်းကို
အမြဲတမ်း ညင်သာစေချင်သူပါ
ကနဦး ထဲက
အစီအစဉ် မကျခဲ့တဲ့ ဘ၀မှာ
စိတ်လိုလက်ရ ရှင်သန်ရုန်းထွက်ခွင့် မရပေမယ့်
အလေးမမှန်တဲ့ လောကဓံ ဈေးသည်ကို လည်း
နှုတ်လှန်မထိုးခဲ့ပါဘူး။
ဟောဟို
မျက်ထောင့်နီကြီးနဲ့
ပရောဂအမှောင်တွေက
ငှက်ပျောသီး အခွံနွှာသလို
ငါ့ အရေပြားကို
အစိမ်းလိုက်ခွာချခဲ့လေတော့
ယိုင်နဲ့နေတဲ့ ဘ၀ဟာ
ဝါးပိုးဝါး တစ်လုံးကို တခဲ့ မိပေမယ့်
ဘယ်တော့မှ
ရေကြည်တွေကို မွှေနှောက်ခဲ့မှာ မဟုတ်ဘူး။ ။
မင်းထက်ညိမ်း
(ဘ၀စာအုပ်ထူထူမှာ ချန်လှပ်ထားလို့ မရတဲ့ ငယ်ဘ၀စာမျက်နှာ........)
ချစ်တဲ့ ညီမလေးသို့...............