Tuesday, March 19, 2013

လေတိုက်ချိန် (ရနံ့သစ်မဂ္ဂဇင်း၊၂၀၀၃)


လေတိုက်ချိန်

                မင်းထက်ညိမ်း

ရေဒီယိုက
ခေတ်ဟောင်းတေးတစ်ပုဒ်ဆိုနေတယ်
ညနေခင်းဟာစိတ်အပြောင်းအလဲမြန်တယ်
ကောင်းကင်မှာ
အေးအေးလူလူ ကျက်စားနေတဲ့ တိမ်တစ်အုပ်
အရောင်ရင့်ချိန်
အုန်းပင်တို့ ခေါင်းခါပြပုံက ခါးခါးသီးသီး
အိမ်ခေါင်မိုးပေါ်
တမာပွင့်ခြောက်တွေ ထင်ရာစိုင်းနေပုံကလည်း
ခါးခါးသီးသီး
ပန်းပွင့်တချို့ဟာ
အလှတရားအကြောင်းမှ ကောင်းကောင်းသိမသွားခင်
ကြွေနှင့်ပြီ
လေဟာ
ပြတင်းတံခါးကို အသံမြည်အောင် ဆောင့်ပိတ်
လွင့်နေတဲ့စိတ်
ကိုယ်ထည်ပေါ် ပြုတ်ကျလာပုံက
အလန့်တကြား။ ။ — မင်းထက်ညိမ်း( ရနံ့သစ်မဂ္ဂဇင်း ၊၂၀၀၃ )