Thursday, September 20, 2012

ဧည့်စိမ်း ၊ မင်းထက်ညိမ်း

                                           `ဧည်စိမ်း´
                                                                  မင်းထက်ညိမ်း
   ညနေခင်းဟာ ခဲသားရောင်ဝတ်စုံနဲ့ အရှေ့ဘက် ကောင်းကင်ခြမ်းမှာ ဖြန့်ကျက်နေရာယူထားတယ်။သူ့
အဖို့ ညနေခင်းရဲ့ လားရာဟာ ဆန့်ကျင်ဘက်ဖြစ်နေတယ်။မျက်စိလည်နေတဲ့ တောင်ကုန်းများ ၀န်းရံလျှက်
သူနေထိုင်တယ်။အရှေ့ဘက် အစွန်အဖျား နယ်စပ်မြို့ကလေးရဲ့ အရပ်မျက်နှာများဟာ သူနေထိုင်ကြီးပြင်း
ခဲ့ရာ မြေလတ်မြို့ကလေးရဲ့ အရပ်မျက်နှာများနဲ့ ပြောင်းပြန်အချိုးကျနေလေရဲ့။ဟောဒီ မြို့ကလေးမှာအရာ
အားလုံးဟာ သူ့အဖို့ အသစ်ပဲ။ဒါပေမယ့် စိတ်ညစ်ဖွယ် အသစ်များဖြစ်နေခဲ့တဲ့ အတွက် သူ့ခင်ဗျာ မပျော်-
နိုင်အားဘူး။
   ရေချိုးအုတ်ကန်လေး ရေပြည့်သွားချိန်မှာ ညနေခင်းဟာ ထွက်ခွာသွားပြီ။သူ့အား တစ်စုံတစ်ရာ အသိအမှတ်ပြု နှုတ်ဆက်သွားခြင်းမရှိဘူး။ ဒါပေမယ့် သူကတော့ ဘုံပိုင်ရေတွင်း မောင်းတံကလေးကို နှိပ်-
-ရင်း တစ်ချိန်က သူ့ရဲ့ ညနေခင်းများအား သတိရနေမိတယ်။
   မြေလတ်မြို့ ကလေးမှာဆို ညနေခင်း ရောက်မလာမီ သူက ရေမိုးချိုး အ၀တ်အစား လဲပြီးပြီ။ ညနေခင်း
ရောက်ရှိလာချိန်မှာ စာအုပ်အငှားဆိုင် ကို ဆိုင်ကယ်လေးတစ်စင်းနဲ့ အေးအေးလူလူ ထိုးဆိုက်သွားမြဲ။
   အခုတော့ သူ့ရဲ့ ပျော်ရွှင်ဖွယ် ညနေခင်းတွေ ပျောက်ဆုံးခဲ့ပြီ။ လက်ဖက်ရည်ဆိုင်လေးလည်း သူ့ကို
လွမ်းနေပြီလားမသိ။ တစ်ချိန်က သူဟာ ညနေခင်းများကို စောင့် ကြည့်ခံစားခဲ့သူပဲ။ အခုတော့ ညနေခင်းများက သူ့အားပြန်လည်းစားသုံး နေတဲ့ အခါ သူ့မှာ ဘယ်လိုမှ အရသာ မရှိနိုင်တော့ဘူး။
   မြေလတ်မြို့ ကလေးရဲ့ လမ်းထောင့်ချိုးလေးမှာ သူ့ကို ဖွေရှာနေမယ့် `မျက်မှန်လေးတစ်လက်´လည်း
ပါဝါတက်နေလောက်ပြီ။ လက်ဖက်ရည်ဆိုင်ထဲ က သူငယ်ချင်းတွေကတော့ သူ့ကို စိတ်တိုနေကြရော့
မယ်။`ဒီကောင်...အခုထိ ရောက်မလာသေးဘူးကွာ` လို့ပြောလိုက်သံကို သူကြားလိုက်မိတယ်။
     သူတို့ သူငယ်ချင်းတစ်တွေ က ကျောင်းခေါ်ချိန်မပြည့်မှာ ကြောက်တဲ့ ကျောင်းသားများလိုပဲ လက်ဖက်-
-ရည်ဆိုင် ညနေခင်းများ အား အ ပျက်အကွက်မခံခဲ့။ မိဘ ထံပါးမှ အတောင်ပံ တစ်စုံ ငှားဝတ်ပြီး ရှမ်းပြည်
နယ်အရှေ့ပိုင်းရဲ့ နယ်စပ်မြို့ကလေးထံ ပျံသန်းထွက်ခွာလာချိန်၌ မူ သူ့အဖို့မြေလတ်မြို့ကလေးမှာ
အရာအားလုံး ပျက်ကွက်ခဲ့ပြီ။
      သူပိုင်ဆိုင်ခဲ့ဖူးတဲ့ စာမျက်နှာ တချို့အား သူဘယ်လိုမှ ပြန်မဖတ်နိုင်အားတော့ဘူး။ သူဟာ အရာ
အားလုံးဆုံးရှူံးခဲ့မှန်း သူ့ကိုယ်သူ သတိမူမိလိုက်တယ်။
     ရုတ်တရက် စိတ်ဟာ လွတ်ကျသွားတယ်။
     လုံးလုံးလျားလျား မြေကြီးပေါ် ပြုတ်ကျ သွားတဲ့ အထိတော့ မဟုတ်ဘူး။ အချိန်မီ သူ့စိတ်သူ လှမ်းဖမ်း
လိုက်တယ်။ဖြစ်ရှိနေသမျှဟာ အခိုက်အတန့်ပဲလို့ သူ့ကိုသူ နှစ်သိမ့်ပြီး စိတ်ကို နေရာမှန်ပြန်ထားလိုက်
တယ်။
     သူရေချိုးပြီးချိန်မှာ ညဟာ ကွက်လပ်ဖြည့်ထားတဲ့ ၀ါကျတစ်ကြောင်းလို အဓိပ္ပာယ်ပြည့်စုံစွာ မဲမှောင်
နေတော့တယ်။မနေ့ကပဲ ရေအားလျှပ်စစ်ချောင်းကလေးဆုံးသွားတယ်။ သွေးအားနဲ ရောဂါဖြစ်နေတာ
ကြာပြီလို့တော့ ရုံးစောင့် အဘိုးကြီးက ပြောဖူးတယ်။
    သူ စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပဲ။ အလင်ရောင်ပေးတဲ့ ရေအားလျှပ်စစ်ချောင်းကလေး မရှိ-
တော့တဲ့အခါ ညနဲ့ အတူ စာအုပ်ထိုင်ဖတ်လို့ အခက်တွေ့ပြီ။ ယိုင်နဲ့နဲ့ ဖယောင်းတိုင်လေးက သူ့ကို
ဘယ်လောက်ထိ အလင်းရောင်ပေးနိုင်မှာမို့လို့လဲ။ဒီအချိန်ဆို မြေလတ်မြှို ကလေးရဲ့ လက်ဖက်ရည်ဆိုင်
ထဲမှာ သူငယ်ချင်းတွေ စုံနေလောက်ပြီ။ကွယ်လွန်သွားရှာတဲ့ သူငယ်ချင်း ကဗျာ ဆရာ `နီရင့်ရင့်´ ရော
အဆင်မှ ပြေပါ့ မလား...။အဲဒီလို ဆရာစံညိမ်းဦးရဲ့ ကဗျာ လေးလို သူငယ်ချင်းကို သတိရမိသေးတယ်။
ဒီနယ်စပ်မြို့ ကလေးမှာ ငါ့မှာ ဖတ်စရာ စာအုပ်ကို မရှိဘူးဖြစ်နေတယ်။အဲဒီလို ညည်းမိသေးတယ်။