`ဆက်သွယ်မှုဧရိယာပြင်ပမှာ......´
မင်းထက်ညိမ်း
*အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ မလွယ်ဘူး ဖြစ်နေတယ်
အခြေအနေအရ အရာမထင်တဲ့ ခြေလှမ်းတစ်စုံနဲ့
ပြောမပြချင်တဲ့ စကားတချို့နဲ့
အား နာ တ ယ်
အကြိမ်ကြိမ် အထပ်ထပ် ခေါက်ရိုးဖြေပြလည်း အပိုပဲ
တစ်နယ်တစ်ကျေး
ငါလည်း စိတ်မအေး သလို
မင်းလည်း စိတ်ပူနေရတယ်
နှစ်ဦးသား
အမြဲတမ်း ဆက်သွယ်မှု ဧရိယာပြင်ပမှာ ...........။ ။
မင်းထက်ညိမ်း
4.Nov.2012.