Tuesday, March 6, 2018

Poem

'စက္ကူစွန်​​လေးတစ်​​ကောင်​'
မင်းထက်​ညိမ်း

မိုးသားပြာပြာ
စက္ကူစွန်​​လေးတစ်​​ကောင်
ယောက်​ဘီးထဲက သူ့  ​ကောင်းကင်
ကိုင်းမကန်​​သေး​​ သ ​ရွေ့
လွင့်​ဝဲ ခရီးဆက်

'စိန်​သုံးလုံး'လား
'​မောင်​သန်းကြီး'လား. . .
စသည်​ဖြင့်​. . .
ခေါင်းကြိုးတင်းပြီး
တစ်​၀ီဝီလည်​ခဲ့ 
ကြိုး​လျှော့ ထားတဲ့ ​နေရက်​များ. . . .

ငါတို့ အဖို့ 
တိမ်​​ကော သွားတဲ့ အားလပ်​ချိန်​များ. . .
အထိအရှမှာ
မှန်​စာကုန်​လို့ 
ထောက်​ကနဲပြတ်
သူ့ ခမျာ
ဘ၀ထဲ
မိုးသားထဲ
တိမ်​ခိုလို့။           ။
            မင်းထက်​ညိမ်း

No comments:

Post a Comment