“စိတ်ထဲမှာ ပဲ သိမ်းဆည်း ထား တဲ့ အရာ……”
မင်းထက်ညိမ်း
*ခဏခဏ
ထုတ်ကြည့်မိပြီး
ပြန် ပြန်
သိမ်းဆည်းထားလိုက်တဲ့ ညနေခင်းတချို့….
ပျော်အောင် အိပ်မရတဲ့ ညဉ့်နက်နက်များ…..
ဒီစိတ်ရောဂါ
ဘယ်မှာ
မြစ်ဖျားခံ လည်း မသိဘူး
တစ်ဝက်ပွင့် နေတဲ့ ပြူတင်းလေးဟာ
လေ တဟူးဟူးမှာ
အသံမြည် ပြီး …..
ဒီမှာ…
နားနဲ့ မဆံ့တော့လို့ပါ
ဒီမှာ….
မျက်ဝန်းအကြည့်နဲ့ မဆံ့တော့ လို့ပါ
ဒီမှာ ….
စိတ်ကူးနဲ့ မဆံ့တော့လို့ပါ
ဒီမှာ…
ရင်ဘတ်နဲ့ မဆံ့တော့ လို့ ပါ
ဒီမှာ….
ဘ၀နဲ့ မဆံ့တော့ လို့ပါ
စိတ်ထဲမှာပဲ သိမ်းဆည်း ထားတာ မဆံ့တော့ လို့ပါ။ ။
မင်းထက်ညိမ်း
Saturday, March 16, 2013
မြစ်ကျိုးအင်း ၊မင်းထက်ညိမ်း
“မြစ်ကျိုးအင်း”
မင်းထက်ညိမ်း
*စိတ်ကူးတွေ
လမ်းခုလတ်မှာ တံတားကျိုးပြီ။
ပြန်ရှာ မတွေ့တော့ တဲ့ “အလှ”တွေ ထဲ
စိမ်းကားသွားတဲ့ ညတွေ ထဲ
သောင်မတင် ရေမကျ ဘ၀တွေ ထဲ
မီးပျက်သွားတဲ့ အနက်ရောင် နောက်ခံ ဆက်တင် ထဲ
မျက်နှာချင်းဆိုင်
နှုတ်ဆိတ်နေတတ်ခဲ့ရပြီ.....။ ။
မင်းထက်ညိမ်း
မင်းထက်ညိမ်း
*စိတ်ကူးတွေ
လမ်းခုလတ်မှာ တံတားကျိုးပြီ။
ပြန်ရှာ မတွေ့တော့ တဲ့ “အလှ”တွေ ထဲ
စိမ်းကားသွားတဲ့ ညတွေ ထဲ
သောင်မတင် ရေမကျ ဘ၀တွေ ထဲ
မီးပျက်သွားတဲ့ အနက်ရောင် နောက်ခံ ဆက်တင် ထဲ
မျက်နှာချင်းဆိုင်
နှုတ်ဆိတ်နေတတ်ခဲ့ရပြီ.....။ ။
မင်းထက်ညိမ်း
Subscribe to:
Posts (Atom)