Friday, April 3, 2020

"မ ရေ မ ရာ များ ...."


"မ ရေ မ ရာ များ ...."

မင်းထက်ညိမ်း

ခေတ်က

လိုက် ဖမ်း လို့

မ မိ တဲ့ ခေတ်

ဥ ပ မာ

လက် ခုပ်ထဲ က ရေလို ပေါ့ ။

အကောင်အထည်မရှိ

လက်ဆုပ်လက်ကိုင်

ငယ်ငယ်တုန်းက သဒ္ဒါထဲက ' နာမ် ' လိုပေါ့။

ကွယ်နေတဲ့ မြင်ကွင်း

ဝှက် ထားတဲ့ အိပ်မက်

မ ရေ မ ရာ များ

ကလိမ်စေ့ငြမ်းစင်

တိုင်ပတ်နေတဲ့

ငါတို့ မနက်ဖြန်များ........။ ။

                                          မင်းထက်ညိမ်း



"ဝူဟန်တစ္ဆေ နွေဦးအိပ်မက်"

"ဝူဟန် တစ္ဆေ နွေဦးအိပ်မက်"

ညနေခင်း ခဏ ပိတ်
မနက်ဖြန်များ ခဏ ပိတ်
အားလပ်ချိန်များ ခဏ ပိတ်
လူခြေတိတ်နေတဲ့ လမ်းပေါ်
အပျော်များ လည်း
အခြေ အနေအရ
အိမ်တွင်းပုန်းလို့
ရောက် မလာသေးတဲ့ ပိတောက်နဲ့အတူ
ကြိုမောနေရတဲ့
နွေဦးအိပ်မက် တစ္ဆေ..........!!

                                မင်းထက်ညိမ်း

Photo Credit

" 2020 VACatiOn..."

" 2020 VACatiOn..."
                            မင်းထက်ညိမ်း
အပန်းဖြေရက်များ
အပန်း မ ပြေ နိုင်
ကြယ်သီးစေ့ထား တဲ့ ခြံစည်းရိုးများ
လူခြေတိတ် နေ့ည လမ်းမများ
စိတ်အမော အတွက်
ကဗျာ တစ်ပုဒ် ဖတ်....
ကျန်းမာရေး အတွက်
အိမ် တွင်း ပုန်း
လက် ကို မကြာခဏ ဆေး.....
အသက် ပြင်း ပြင်း ရှူ
ဝင် လေ သိ
ထွက် လေ သိ
ပို သတိမူမိ တဲ့ နေ့ရက်များ...
အ ရာ ရာ
နေ ကောင်း တဲ့ မနက်ဖြန်များကို
မျှော် လင့် လျက်.....။ ။