''ခရီးသည်"
မင်းထက်ညိမ်း
ချိုးခေါက် ထား တဲ့ စက္ကူစွန်လေး
ဘ၀ထဲ
တွန့်ခေါက်စွာ ၀ဲပျံလို့
လေဟုန်စီးပြီး ထိုးစိုက်သွားတဲ့ ပန်းတိုင်မှာ
ပျော်ရွှင်ခြင်း ရှိမရှိ
မ ရေ ရာ
စောဒက တက်နေတဲ့ မနက်ဖြန်များ...
လှေကားရင်း က ခြေရာများ...
ခရီးဆုံးထိ
လျှောက်လျှက် ရောက်မရောက်
မ သေ ချာ
ခေါင်း လား...
ပန်း လား...
လေ လား..
မိုး လား...
ခုထိ
ငါတို့
ခန့်မှန်းလို့ မရတာ
ဘ၀ မိုး လေ ၀ သ များ.....။ ။
မင်းထက်ညိမ်း
| |
| |
|
|
|
|
|
Text-to-speech function is limited to 200 characters