`အဲဒီညနေခင်းမှာ.........´
မင်းထက်ညိမ်း
*လူသားဆိုတာ
ကမ္ဘာကြီး သီဆိုနေကြ သီချင်းထဲက စာသားတွေပဲ
ငါတို့ဟာ
တစ်စုံတစ်ရာနောက်ကို အပြေးအလွှားလိုက်နေတယ်
ဒီတော့
တချို့ကို ချန်လှပ်ထားခဲ့ရ
တချို့ကို လက်လှမ်းမှီလုမှ ဆုံးရှုံးခဲ့ရနဲ့
ကိုယ့်သံစဉ်နဲ့ကိုယ် အဓိပ္ပာယ်လေးနက်ကြ
ပြက်လုံးအသစ်တွေ ဖန်တီးပြီး ငါတို့ ရယ်မောကြ
အလွမ်းအဆွေး ဆက်တင်တွေထဲမှာ ငါတို့ မျက်ရည်ကျခဲ့ရ
မြို့ပြချုပ်ရိုးကြောင်းတစ်လျှောက် ငါတို့ ခြေရာတွေ ခြေချင်းလိမ်ကြနဲ့
ရေပန်းစားတဲ့ နာမည်ဆို ငါတို့ ပါးစပ်ဖျားက ပလပ်ထား ကြတယ်
ကြော်ငြာဆိုင်းဘုတ်ရဲ့ စိတ်ထားဟာ ခန့်မှန်းရခက်တယ်
ချောကလက်ဗူး ထဲမှာ မနက်ဖြန်တွေ ရှိတယ် ဆိုလားပဲ....
အစီအစဉ်အတိုင်း
ချိတ်ဆက်ထားတဲ့ တစ်နေ့တာ
နံနက်ခင်းတီးလုံး
စံတော်ချိန်အသစ်နှင့် ညနေခင်း
အဲဒီညနေခင်းမှာ...............။ ။
မင်းထက်ညိမ်း