“မြစ်ကျိုးအင်း”
မင်းထက်ညိမ်း
*စိတ်ကူးတွေ
လမ်းခုလတ်မှာ တံတားကျိုးပြီ။
ပြန်ရှာ မတွေ့တော့ တဲ့ “အလှ”တွေ ထဲ
စိမ်းကားသွားတဲ့ ညတွေ ထဲ
သောင်မတင် ရေမကျ ဘ၀တွေ ထဲ
မီးပျက်သွားတဲ့ အနက်ရောင် နောက်ခံ ဆက်တင် ထဲ
မျက်နှာချင်းဆိုင်
နှုတ်ဆိတ်နေတတ်ခဲ့ရပြီ.....။ ။
မင်းထက်ညိမ်း
No comments:
Post a Comment