Thursday, August 15, 2013

"ခြေသံတစ်ဖက်"

                                          " ခြေသံတစ်ဖက်"
                                                              မင်းထက်ညိမ်း
  ခြေလှမ်း တစ်စုံလမ်းလျှောက်နေသံ ကြားရတယ်..။ လမ်းပေါ်မှာ ခြေရာတစ်စွန်းတစ်စ မျှ မတွေ့
ရဘူး။လမ်းကတော့ မြေနီလမ်း ကလေး ပဲ။ ခြေသံရှင်ဟာ ဘယ်လို ပုံပန်းသဏ္ဍန်မျိုးဆိုတာ လည်း မတွေ့မြင်ရဘူး။ အသံကြည့် သက်သက်ကြားနေရတယ်..။ အဲဒီ ခြေသံဟာ..တစ်နေရာရာကို သွားနေတာတော့ အသေအချာပဲ ။ သူ ဟာ မနက်ဖြန် ထံပါးသို့ အသေအချာ ခရီးဆက်နေပုံ ပဲ။ဟော..ခြေသံဟာ..လမ်းဆုံလမ်းခွ တစ်ခုမှာ ရပ်သွားတယ်။ တစ်စုံ တစ်ရာ တွေးတောနေဟန်တူတယ်။
ခြေသံတစ်ဖက်ဟာ..လမ်းတစ်လမ်း အတိုင်း ချိုးဝင်သွားတယ်...။အစ ပထမ မှာ နားထဲ ကြားရတာ တစ်မျိုးဖြစ်နေပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ခြေသံတစ်ဖက်ဟာ စီးချက်မှန်လာတယ်...။နောက်
ခြေသံတစ်ဖက် ဟာ လည်း လမ်း တစ်လမ်းအတိုင်း အလားတူ ကွေ့ချိုး လျှောက်ဝင်သွားပုံ ကို အတိုင်း-
သား ကြားနေရပေါ့ ...။ခြေသံ တစ်ဖက်စီ တစ်လမ်းစီ ခွဲဖြာ ခရီးနှင်နေကြ.....။ခြေသံတစ်စုံ မဟုတ်တော့ တာ သေချာတယ်....။         ။
                                                  မင်းထက်ညိမ်း


No comments:

Post a Comment