`တနင်္ဂနွေ ပျောက်ဆုံးခြင်း´
မင်းထက်ညိမ်း
*ဘ၀က
ဒုက္ခတရားနဲ့ အချိတ်အဆက်မိခဲ့တယ်
အမှောင်ထဲမို့
ဘာမျှ မမြင်ရဘူးလို့ မပြောပါနဲ့
ယုံကြည်ချက် အိမ် မို့ ခြံစည်းရိုး မလို ဘူး
ခင်ဗျား..
ရင်ဘတ်က ကြယ်သီးကို တော့ လုံခြုံ အောင် စေ့ထားပေါ့
အပြင်မှာ
လေတဟူးဟူး..........
ဒီမှာလည်း
စိတ်ညစ်စရာတွေ တဟူးဟူး တိုက်ခတ်နေတာပါပဲ
တနင်္ဂနွေ ဆိုတာ...
ဘယ်တော့လဲ
ရေ ကန် ထဲ မှာ ကြာ မရှိ ဘူး........။ ။
မင်းထက်ညိမ်း
No comments:
Post a Comment